သံဃာအား ဘုရားမဆန်သာ

(စကားပုံ)

      သံဃာအများစု၏ အလိုကို မြတ်စွာဘုရားသော်မှ လွန်ဆန်၍ မပြုသာသကဲ့သို့ ဦးစီးခေါင်းဆောင် ပြုသူသည် အများစု၏ ဆန္ဒကို မလွန်ဆန်သာချေ။

      မြတ်စွာဘုရား ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ကောသမ္ဗီပြည်၊ ဃောသိတာရုံ ကျောင်းရှိ ဝိနည်းဓိုရ် ရဟန်းနှင့် ဓမ္မကထိက ရဟန်းနှစ်ပါးတို့ ဝိနည်းကိစ္စနှင့် ပတ်သက်၍ အငြင်းပွား ရာမှ ရဟန်းများ အချင်းများကြသည်။ မြတ်စွာဘုရားက အချင်းမများကြရန် အဖန်ဖန် ဆုံးမတော်မူ သော်လည်း ရဟန်းများက မနာယူကြသဖြင့် မြတ်စွာဘုရားသည် ပါလိလေယျတောသို့ တစ်ပါးတည်း ကြွသွားတော်မူပြီး ပါလိလေယျ ဆင်မင်း၏ အလုပ်အကျွေးကို ခံယူတော်မူလျက် သီတင်းသုံးနေ တော်မူသည်။ ထိုအကြောင်းကို ကောသမ္ဗီပြည် ဒါယကာ၊ ဒါယိကာမများ ကြားသိ၍ ဃောသိတာရုံ ကျောင်းရှိ ရဟန်းများအား ဆည်းကပ်လှူဒါန်းခြင်း မပြုဘဲ နေကြကုန်၏။ ထိုရဟန်းတို့သည် ဝါတွင်း သုံးလပတ်လုံး ဆင်းရဲစွာ နေကြရကုန်၏။ ထိုအခါမှ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို အောက်မေ့ လျက် နောင်တကြီးစွာရပြီး အချင်းချင်း ပြန်လည်သင့်မြတ် ကြကုန်၏။ ထိုအကြောင်းကို ရှင်အာနန္ဒာ သိလျှင် အခြံအရံရဟန်းငါးရာနှင့်အတူ ပါလိလေယျတောသို့ ကြွသွား၍ မြတ်စွာဘုရားအား ဇေတဝန် ကျောင်းတော်သို့ ပြန်လည်ကြွမြန်းပါရန် ပင့်လျှောက်၏။ မြတ်စွာဘုရားသည် ညီတော်အာနန္ဒာ အမှူး ပြုသော သံဃာတော်များ၏ ဆန္ဒကို လိုက်လျော၍ ပါလိလေယျတောမှ သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ထိုအကြောင်းကို ကောသမ္ဗီ ရဟန်းများ ကြားသိလေလျှင် သာဝတ္ထိပြည်သို့ သွား၍ မြတ်စွာဘုရားအား အလွန်ကျိုးနွံရိုသေစွာ ကန်တော့ကြပြီး မြတ်စွာဘုရား၏ အဆုံးအမကို ခံယူကြလေသည်။ ဤသို့လျှင် မြတ်စွာဘုရားသည်ပင် သံဃာတို့၏ ဆန္ဒကို မလွန်ဆန် သာဘဲ လိုက်လျောတော် မူခဲ့လေသည်။

ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ယမကဝဂ်၊ ၅-ကောသမ္ဗီကဘိက္ခုဝတ္ထု။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!