သူခိုး ဓားရိုးကမ်း

(စကားပုံ)

      သူခိုး ဓားရိုးကမ်းသည့်သူကဲ့သို့ မိမိဘက်ကို သစ္စာဖောက်၍ ရန်သူကို အားပေးကူညီသည်။

-----------------------------------

      ရှေးအခါက ပုဏ္ဏားလုလင်တစ်ယောက်သည် ဇနီးသည်အား ခေါ်ဆောင်ကာ မိမိနေရပ်သို့ ပြန်လာ ရာ လမ်းခရီး၌ ခိုးသားဓားပြတို့နှင့် တွေ့လေသည်။ မိမိတွင်ပါလာသောမြားနှင့် ခိုးသားတို့အား ပစ်လေ ရာ ခိုးသားတစ်ဦးသာ ကျန်လေသည်။ ထိုခိုးသားနှင့် လုံးထွေး သတ်ပုတ်ရင်း ဇနီးထံမှ ဓားကိုတောင်း ရာ ဇနီးက ထိုခိုးသားအား တပ်မက်မိသောကြောင့် ဓားရိုးကို ခိုးသားဘက်ထား၍ ဓားသွားကို မိမိ၏ ခင်ပွန်းဘက်ထားပြီး ပေးလေ၏။ ခိုးသားက ဓားရိုးကို ဆွဲယူ၍ ပုဏ္ဏားလုလင်အား ခုတ်သတ်လေ တော့သည်။

ခုဒ္ဒကနိကာယ်၊ ၃၇၄-စူဠဓနုဂ္ဂဟဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!