လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မ

(စကားပုံ)

      လက်ညှိုးမကောင်းလျှင် လက်ညှိုး၊ လက်မမကောင်းလျှင် လက်မကို ပယ်ဘိသကဲ့သို့ မကောင်း သူ ကိုသာလျှင် အပြစ်ယူရရိုး ရှိသည်။

      ရခိုင်ဘုရင်မင်းထီးသည် တရားဖြောင့်မတ်သော မင်းတစ်ပါး ဖြစ်သည်။ နန်းတော်အတွင်း ကွမ်း စားသော နန်းတွင်းသားအချို့သည် နန်းတော်တိုင်များကို အမှတ်မဲ့ ထုံးသုတ်မိလေ့ရှိသဖြင့် နောင်အခါ ထုံးသုတ်သူ တွေ့ရှိပါက လက်ချောင်းကိုဖြတ်မည်ဟု ဘုရင်မင်းထီးက မိန့်တော်မူသည်။ တစ်နေ့တွင် ဘုရင်ကိုယ်တိုင် နန်းတော်တိုင်တွင် အမှတ်မဲ့ ထုံးသုတ်မိသည်ကို အမတ်တစ်ဦးက နေ့ရက်အချိန်နာရီ နှင့်တကွ မှတ်သားထားလေသည်။ ညီလာခံ အချိန်၌ ထုံးပေနေသောတိုင်ကို မင်းကြီး မြင်သဖြင့် မေး မြန်းရာ စာရေးမှတ်ထားသော အမတ်က အကြောင်းစုံကို တင်လျှောက်လေသည်။ မင်းကြီးသည် မှူး မတ်များ ရှေ့တွင်ပင် ထုံးသုတ်ခဲ့သော မိမိလက်ညှိုးကို သန်လျက်ဖြင့် ခုတ်ဖြတ်လိုက်လေသည်။

မြန်မာ့ဂုဏ်ရည်။ ၇၅-၇၆။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!