သူ့ဆန်စား ရဲမှ

(စကားပုံ)

      သူ၏ ထမင်းကိုစားလျှင် သူ့တာဝန်ကို ထမ်းရမည်ဖြစ်သကဲ့သို့ သူ၏ ထောက်ပံ့မှုရယူလျှင် သူ ပေးသည့် တာဝန်ကို ကြောက်ရွံ့ငြင်းဆန်၍ မဖြစ်ချေ။

      အနောက်ဖက်လွန်မင်းတရားကြီးသည် ပြည်မြို့ကို ချီတက်တိုက်ခိုက်ရာ ပြည်ဘုရင်သည် မြို့ ပျက်သော်လည်း အညံ့မခံဘဲ နန်းမြို့မှ ပြန်လည်ခုခံလေသည်။ ယင်းသောအခါ ဘယဂါမဏိ၏တူ အသက်ဆယ့်သုံးနှစ်သာရှိသော ငထင်သည် "သူ့ ကျေးဇူးသစ္စာနှင့် ဖြစ်ချေသည်။ အသက်ပင် သေ သော်လည်း ငါ့အရှင် ရာဇပလ္လင်တွင် သေပစေတော့၊ ငါ့အရှင်ကို ငါသေမှ ထိပါးရမည်" ဟူ၍ ဓား တစ်ဖက်တစ်စင်းနှင့် ရဲမက်တော်တို့ကို ဆီးကာ၍ဟန့်နှင့်သည်ကို ဦးရီးတော် ဘယဂါမဏိမြင်လျှင် "ဟယ်-ငထင် လူပျိုလူရွယ်၊ မြို့သည်ပျက်၍ ပြည်အလုံးကို သူ့ရဲမက် ဖြစ်ပြီးမှ တစ်ယောက်တည်း သာ ခံ၍ တတ်နိုင်မည်လော၊ ဓားလက်နက်ချ၍ အညံ့ခံ ပေတော့" ဟစ်၍ ဆိုရာတွင်မှ "သူ့ဆန်ကို စားသောကြောင့် ရဲရတော့သည်" ဆို၍ လက်နက်ကို ချလေတော့သည်။

ဦးကုလားမဟာရာဇဝင်တော်ကြီး၊ တ။ ၁၄၄။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!