သံကို ကြွက်စား သားကို စွန်ချီ

(စကားပုံ)

      သံကိုကြွက်စားသည်ဟုဆိုသဖြင့် သားကိုစွန်ချီသည်ဟု တုံ့ပြန်ဆိုသကဲ့သို့ တစ်ဦးကကောက်ကျစ် စဉ်းလဲသဖြင့် တစ်ဦးက ပရိယာယ်သုံး၍ တုံ့ပြန်သည်။

      ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်တွင် ဘုရားလောင်းသည် တရားသူကြီးအမတ် ဖြစ်၏။ ထိုအခါ မြို့နေကုန်သည် စဉ်းလဲတစ်ဦးသည် မိတ်ဆွေဖြစ်သော ရွာနေကုန်သည် အပ်ထားသည့် သံ ထယ်သွားများကို ရောင်းစားပြီး သံထယ်သွားများထားရာ နေရာ၌ ကြွက်ချေးများ ကြဲထား၏။ ရွာနေ ကုန်သည်လာ၍ သံထယ်သွားများကိုတောင်းသော် ကြွက်စား၍ကုန်ပြီဟုဆို၏။ မကျေနပ်သော ရွာနေ ကုန်သည်က မြို့နေကုန်သည်၏ သားငယ်ကို ခေါ်ဆောင်၍ဝှက်ထားပြီးလျှင် မြို့နေကုန်သည်အား သား ငယ်ကို စွန်ချီသွားသည်ဟုပြောသည်။ နှစ်ဦးနှစ်ဖက်မကျေနပ်၍ တရားသူကြီးထံသွားကာ အဆုံး အဖြတ် ခံယူကြရာ ဘုရားလောင်းက လှည့်စားတတ်သူသည် လှည့်စားခံရမည်သာ ဖြစ်ကြောင်း ပြော ကာ ထယ်သွားပျောက်သူအား ထယ်သွားများ ပြန်ပေးစေ၍ သားပျောက်သူအား သားကို ပြန်ပေးစေ သည်။

ခုဒ္ဒကနိကာယ်၊ ၂၁၈-ကုဋဝါဏိဇဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!