လင်းနို့ခွန်တောင်း ကြွက်၊ ကြွက်ခွန်တောင်း လင်းနို့

(စကားပုံ)

      လင်းနို့သည် လင်းနို့ခွန်တောင်းလျှင် ကြွက်၊ ကြွက်ခွန်တောင်းလျှင် လင်းနို့ဟုဆိုကာ အခွန်ပေး ဆောင်ရန် ရှောင်တိမ်းသကဲ့သို့ မိမိရင်ဆိုင်ရမည့်ကိစ္စ၌ အကျုံးမဝင်သယောင် မလိမ့်တပတ်လုပ်ကာ ရှောင်တိမ်းသည်။

      ရှေးသောအခါ သီရိဓမ္မာသောကမင်းသည် အထက်တစ်ယူဇနာ၊ အောက်တစ်ယူဇနာ အစိုးရ လျက် ဘုန်းအာနုဘော် ကြီးမြင့်သည် ဖြစ်၍ တိရစ္ဆာန်သတ္တဝါများကို အခွန်တောင်းရာ လင်းနို့ကို တောင်းသော် ငါ လင်းနို့မဟုတ် ကြွက်ဟု ဆို၏။ ကြွက်အဖြစ် တောင်းပြန်သော် ငါ ကြွက်မဟုတ် လင်းနို့ဟု ဆိုလေ၏။

လောကပညတ္တိ။ ၃၇။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!