လျှောမွေးနှင့် ဗာရာဏသီချဲ့

(စကားပုံ)

      လျှောမွေး၏ မိခင်က ထိုကလေးအတွက် ငိုကြွေးရာတွင် ဗာရာဏသီကို ချီ၍ အကျယ်ချဲ့ကာ ဖွဲ့နွဲ့ငိုသကဲ့သို့ မပြောပလောက်သော ကိစ္စကို အကျယ်ချဲ့သည်။

      ရှေးအခါက ဗာရာဏသီ ပြည့်ရှင် အရိန္ဒမမင်းသည် အလှူအတန်းတွင် ရဲရင့်လှ၏ ။ တစ်နေ့သ၌ မင်းကြီးသည် ပုဏ္ဏားယောင်ဆောင်ထားသော သိကြားမင်းအား ထီးနန်းနှင့်တကွ စည်းစိမ်ဥစ္စာ အလုံး စုံလှူလိုက်၏။ မိမိကိုယ်နှင့် မိဖုရားကိုပါရောင်း၍ အလှူပေးပြန်၏။ ဤသို့ဖြင့် အရိန္ဒမမင်းသည် မိဖု ရားကြီးနှင့် တကွဲတပြားစီ ဖြစ်သွားပြီး တံခါးစောင့်အလုပ်ကို လုပ်နေရလေ၏။ မိဖုရားကြီး မှာမူ သူဌေးအိမ် တစ်အိမ်တွင် မှီခိုနေရလေ၏။ တစ်နေ့တွင် မိဖုရားသည် ရှင်ဘုရင်နှင့် ရခဲ့သော ကိုယ်ဝန် ကို မီးဖွားရာ သားသေခဲ့၏။ မိဖုရားသည် လျှောမွေး သားသေကို ပိုက်ကာ ဗာရာဏသီ မိဖုရားဘဝက နေခဲ့ရပုံတို့ကို တမ်းတဖွဲ့နွဲ့ အကျယ်ချဲ့ကာ ငိုကြွေး လေတော့သည်။

ဇင်းမယ်ပဏ္ဏာသ၊ ပ။ ၄၄။

        လျှောမွေး = နေ့လမစေ့ဘဲ အသေမွေးဖွားသော သား။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!