သူခိုး တိုက်စိုးနှင်း

(စကားပုံ)

      သူခိုးကို ငွေတိုက်စိုးတာဝန် အပ်နှင်းသကဲ့သို့ မယုံကြည်ထိုက်သူကိုမှ ယုံကြည်စွာ တာဝန်လွှဲအပ် သည်။ (သူခိုး တိုက်စိုးထည့်၊ စုန်းကို သားကင်ထည့် - ဟူ၍လည်း တွဲသုံးလေ့ ရှိသည်။)

      ရှေးအခါက ပြည်တစ်ပြည်၌ ခိုးသူ၊ စုန်း၊ ကုန်းတိုက်တတ်သောသူ လူသုံးယောက်ရှိသည်ကို မင်း အားလျှောက်၍ ဖမ်းဆက်လေ၏။ မင်းလည်း သင်းတို့ကိုသတ်လျှင် မကောင်းမှုဖြစ်မည် တကားဟု ဖောင်လုပ်၍ မြစ်ထဲသို့ မျှောလိုက်၏။ ပြည်တစ်ပြည်၌ တင်လေသော် ထိုပြည့်ရှင်မင်းက ထိုလူတို့ကို မေးစစ်လေ ဟူ၍ ဆို၏။ မေးစစ်ကြလျှင် ထိုသူသုံးယောက်တို့သည် မိမိတို့၏ အကြောင်းချင်းတ ဟူသမျှကို မှန်သောအတိုင်း ပြန်ပြောလေ၏။ မင်းလည်း ခိုးသူကား သင် စားစရာ မရှိ၍ ခိုးသတည်း ဟု ခိုးသူကို တိုက်စိုးနှင်း ထည့်လေ၏။ စုန်းကိုကား သင် အသား စားချင်သောကြောင့် စုန်းပြုသည်ဟု သားကင် ထည့်လေ၏။ ကုန်းတိုက်တတ်သော သူကိုကား ကုန်းတိုက်တတ်သောသူ မည်သည်မည်သို့ ထည့်စရာ မရှိဟုဆို၍ သတ်လေ၏။

လောကပညတ္တိ။ ၁၁၂။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!