လှေနံ ဓားထစ်

(စကားပုံ)

      လှေပေါ်မှ ရေထဲသို့ကျသွားသော ဓားကိုရှာရန် ဓားကျသည့်နေရာမှ လှေနံကိုဓားထစ်၍ မှတ်သား ထားသကဲ့သို့ အကျိုးအကြောင်း မဆင်ခြင်ဘဲ တရားသေ စွဲမှတ်ထားသည်။

      ရှေးအခါက လှေသမားတစ်ယောက်သည် လှေငယ်တစ်စင်းဖြင့် မြစ်ရိုးတစ်လျှောက် ကူးသန်း ရောင်းဝယ်နေသည်။ တစ်နေ့တွင် ထိုသူကိုင်ဆောင်လာသော ဓားရှည်တစ်ချောင်းသည် ရေထဲသို့ အမှတ်မထင်ကျသွားသည်။ လှေသမားသည် ချက်ချင်းမဆယ်ယူဘဲ ဓားရှည်ကျသွားသည့်နေရာရှိ လှေနံကို အခြားဓားဖြင့် ထစ်၍ မှတ်ထားသည်။ လှေဆိုက်သည့် အခါ ဓားထစ်ထားသည့် လှေနံကို ကြည့်ကာ ရေထဲသို့ဆင်း၍ ဓားကိုရှာလေသည်။ ဓားကိုကား မတွေ့ရပေ။ သို့သော် တံစဉ်တစ်ချောင်း ကိုတွေ့ရာ မိမိဓားသည် ရေတွင် အချိန်ကြာကြာ နစ်မြုပ်နေရသဖြင့် အချမ်းလွန်ပြီး ကွေးကောက် သွားသည်ဟု အဆင်မခြင် မှတ်ယူလေသည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!