ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက်

(စကားပုံ)

      ရွှေသမင်ကို ကိုယ့်တာနှင့်ကိုယ် အသီးသီး တာဝန်ယူ၍ ပိတ်ဆို့ဖမ်းဆီးကြရာတွင် ရွှေသမင်သည် ဘုရင်မင်းကြီး၏တာမှ လွတ်မြောက်ထွက်ပြေး သွားသကဲ့သို့ အသီးသီး ကိုယ့်တာဝန်ပိုင်းနှင့်ကိုယ် ဆောင်ရွက်ကြရာတွင် အကြီးအကဲလုပ်သူ လူကြီး၏အပိုင်းမှ လစ်ဟင်းပျက်ကွက်သည်။

      ပဉ္စာလမင်းသည် ခြွေရံသင်းပင်းနှင့်တကွ သမင်လိုက်ထွက်သည်။ တောသို့ ရောက်သောအခါ မင်းချင်း ယောက်ျားတို့အား "တစ်စုံတစ်ယောက်၏တာမှ သမင်ထွက်ပြေးလျှင် ထိုသူသည် ပေးလျော် ရမည်" ဟု ဆို၍ ရထားထက်မှ ဆင်းကာ လေးကိုယူ၍ ချုံတစ်ခု၌ နေလေသည်။ မင်းချင်းယောက်ျား တို့သည် ချုံတောအုပ်တို့ကို ပုတ်ခတ်၍ သမင်တို့ကို ခြောက်လှန့်လိုက်သောအခါ သမင်တစ်ကောင် သည် ထွက်၍ ဆိတ်ငြိမ်နေသော မင်း၏ ချုံနံဘေးမှ ထွက်ပြေးလေသည်။ မှူးမတ်တို့သည် အဘယ်သူ ၏ တာမှ သမင်ပြေးသနည်းဟု မေးကြလျက် မင်း၏တာမှ ပြေးသည်ဟုဆိုကာ ပြက်ရယ်ပြုကြကုန် ၏။

ခုဒ္ဒကနိကာယ်၊ ၅၀၃-သတ္တိဂုမ္ဗဇာတ်။

      တာ = တာဝန်ယူရသည့် နယ်မြေအပိုင်းအခြား။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!