မလို ကူးတို့ခ တောင်း

(စကားပုံ)

      ၁။ ကူးတို့သမားသည် ကူးတို့ခမယူဘဲ လိုလိုချင်ချင် တစ်ဖက်ကမ်းသို့ ပို့ဆောင်ပြီး စိတ်အခန့် မသင့် ဖြစ်သော တစ်ချိန်တွင်မှ ကူးတို့ခကို ပြန်တောင်းသကဲ့သို့ ကျေနပ် နှစ်သက်၍ မျှော်လင့်ချက် မထားဘဲ လိုလိုချင်ချင် ကူညီခြင်း၊ ပံ့ပိုးခြင်း ပြုလုပ်ပြီး နောင်အခန့်မသင့်သော တစ်ချိန်တွင်မှ ယခင်ကျေးဇူးပြုခဲ့ခြင်းအတွက် ပြန်လည်ပေးဆပ်ရန် ပြောဆိုသည်။ (မလို၍ ကူးတို့ခတောင်း - ဟူ၍လည်း အသုံးရှိသည်။)

      ၂။ ကူးတို့သမားသည် ရှောရှောရှူရှူ ပေးစဉ်ကမယူခဲ့ဘဲ မပေးလိုသည့်အခါတွင်မှ ကူးတို့ခကို အတင်းတောင်းသကဲ့သို့ မဖြစ်စေလိုသည့်အချိန်တွင်မှ မဖြစ်စေလိုသည့်အရာက ဖြစ်လာသည်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!