မောင်မောင်ခေါ်လို့ ဗျာမထူး၊ အောင်ကျော်ခေါ်မှ ဗျာထူး
(စကားပုံ)
မောင်မောင်ဟု ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ခေါ်စဉ်က မထူး၊ အောင်ကျော်ဟု နှိမ့်ချ ခေါ်မှ ထူးသကဲ့သို့ ပျော့ပျောင်း ယဉ်ကျေးစွာဆက်ဆံစဉ်က အရေးတယူမပြု၊ ခပ်မာမာ ခပ်ရိုင်းရိုင်း ဆက်ဆံမှ အရေးတယူ ပြုဖော်ရသည်။
- မောင်မောင် = မှူးတော်မတ်တော်တို့၏ သားမြေးများကို ခေါ်ဝေါ်သောအမည်။
- အောင်ကျော် = လက်အောက်ငယ်သားအား နှိမ့်ချခေါ်ဝေါ်သော အမည်မျိုး။
No comments:
Post a Comment