မလျော့မတင်း စောင်းကြိုးညင်း
စောင်းသံကို သာယာညင်းပျောင်းဖြစ်အောင် စောင်းကြိုးကို မလျော့လွန်း မတင်းလွန်း ညှိရသ ကဲ့သို့ အရာရာအဆင်ပြေ ချောမွေ့အောင် မယုတ်မလွန် ကျင့်ကြံ ပြောဆိုရသည်။
တင်းလွန်းလျှင် ပြတ်၊ လျော့လွန်းလျှင် ပတ် - လည်း ရှု။
ဘုရားရှင်လက်ထက်က သောဏတိဿမည်သော သူဌေးသားသည် အလွန်သိမ်မွေ့ နူးညံ့သူ ဖြစ် သောကြောင့် ခြေဖဝါး၌ပင် အမွေးပေါက်၏။ သူသည် အလွန်နူးညံ့သော ကမ္ဗလာပေါ်၌သာ ကြီးပြင်း လာခဲ့သည်။ ထိုသူဌေးသားသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရသောအခါ မိခင်ထံ ခွင့်ပန်ပြီး ရဟန်းပြု၍ ကမ္မဌာန်း ဘာဝနာကို ပြင်းစွာ စီးဖြန်းအားထုတ်လေရာ စင်္ကြံသွားရာတွင် ခြေတို့သည် ပေါက်ပြဲ၍ စင်္ကြံတစ်လျှောက် သွေးတို့ဖြင့် အလိမ်းလိမ်းကပ်၏။ ထိုအကြောင်းကို ဘုရားရှင် မြင် တော်မူသော် ချစ်သားသောဏတိဿသည် အကျင့်ဖြင့်လွန်လေသော်ဟု မိန့်တော်မူကာ "သောဏ တိဿ၊ သင်သည် ရှေးလူဝတ်ဖြင့် နေစဉ် အဘယ်အတတ်ကို တတ်သနည်း" ဟု မေးတော်မူ၏။ သောဏတိဿက "အရှင်ဘုရား၊ တပည့်တော်သည် ရှေးလူဝတ်ဖြင့် နေစဉ် စောင်းအတတ်ကို တတ် ပါသည်" ဟု လျှောက်ထား၏။ ဘုရားရှင်က သောဏတိဿ ထေရ်အား "စောင်းကို တင်းတင်းတီး ခြင်း၊ လျော့လျော့ တီးခြင်းတို့တွင် မည်သည့် တီးခြင်းမျိုးက သာယာသော အသံကို ဖြစ်စေသ နည်း" ဟု မေးတော်မူ၏။ သောဏတိဿထေရ်က "မလျော့မတင်း တီးခြင်းက သာယာနာပျော်ဖွယ်သော အသံကို ဖြစ်စေပါသည်" ဟု လျှောက်ထားသည်။ ဘုရားရှင်က "ချစ်သား ဤစောင်း ဥပမာကဲ့သို့ အကျင့်ကို မလျော့မတင်း၊ မပြင်းမညံ့ ဖြည့်ကျင့်လော့" ဟု မိန့်တော်မူ၏။
No comments:
Post a Comment