ယာလည်းညက်၊ ကြက်လည်းပန်း

(စကားပုံ)

      ခွပ်နေသော တောကြက်နှစ်ကောင် မောပန်းသည့်အချိန်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းရင်း မိမိ ယာကို ထွန်ရေးမပျက်ထွန်သဖြင့် ယာလည်းညက်၊ ကြက်ကိုလည်း အလွယ်တကူ ဖမ်းသူနိုင်သကဲ့သို့ ကိစ္စတစ်ခုကို အခြေအနေပေးသည်အထိ စိတ်ရှည်ရှည်စောင့်ဆိုင်းရင်း လုပ်ဆောင်ဖွယ်တစ်ခုကို လုပ် နှင့်သဖြင့် အချိန်ပို မကုန်ဘဲ အလုပ်နှစ်ခု ပြီးမြောက်သည်။

      တောင်သူယောက်ျား တစ်ယောက်သည် တောစပ်ဝယ် ယာထွန်နေခိုက် တောကြက်နှစ်ကောင် ခွပ်သည်ကို မြင်ရာ ငါအဆောတလျင် ဖမ်းချေသော် ကြက်နှစ်ကောင်လည်း မပင်ပန်းကြသေး၍ ထွက်ပြေးကြအံ့၊ ငါ ယာထွန်သည်လည်း မညက်သေးချေ။ ငါ၏ ယာထွန်ခြင်း ကိစ္စလည်း ပြီးစေဦး၊ ကြက်နှစ်ကောင်လည်း ပင်ပန်း နွမ်းနယ် ကြစေဦး ဟူ၍ ယာကို ထွန်မြဲ ထွန်နေ၏။ ယာညက်သည့် အခါတွင်မူ တောကြက်တို့လည်း ပင်ပန်းနွမ်းနယ်လှပြီဖြစ်၍ နှစ်ကောင်လုံးကို အလွယ်တကူဖမ်းယူ ရရှိလေ၏။

မဏိရတနာပုံ။ ၅၇။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!