မရ ရသက ချိုင်
(စကားပုံ)
ရှေးက လူသားစားသောပေါရိသာဒမင်းသည် လူသားမရသည့်အခါ၌ မိမိအား လူသားရှာဖွေကျွေး သူ စားတော်ကဲကိုပင် သတ်စားသကဲ့သို့ မိမိတပ်မက်သောအရာကို အခြားတစ်ပါးမှ မရသည့် အဆုံး၌ အချင်းချင်း ထံမှပင်မရှောင်၊ ရအောင်ယူသည်။ (မရ ဒသကချိုင် - ဟူ၍လည်း အသုံးရှိသည်။)
ပေါရိသာဒသည် အသားစားကြူးသော မင်းတစ်ပါးဖြစ်သည်။ စားတော်ကဲသည် အသားမရသော တစ်နေ့တွင် လူသားကို ချက်ကျွေးမိသည်။ ပေါရိသာဒသည် လူသားဟင်းကို အလွန်စွဲသွားပြီး နည်း အမျိုးမျိုးဖြင့် ရှာကြံ၍စားခဲ့သည်။ သို့သော် လူသားမရတော့သည့် တစ်နေ့တွင် ပေါရသာဒသည် စားတော်ကဲကိုပင် သတ်၍ ချက်စားလိုက်သည်။
ရသက (ပါဠိ) = စားတော်ကဲ။
ခုဒ္ဒကနိကာယ်၊ ၅၃၇-မဟာသုတသောမဇာတ်။
No comments:
Post a Comment