မြွေပွေး ခါးပိုက်ပိုက်
(စကားပုံ)
မြွေဆိုးကို ကိုယ်နှင့် နီးကပ်စွာ မွေးမြူသကဲ့သို့ အချိန်မရွေး အန္တရာယ်ပေးနိုင်သည့်သူကို အတွင်း လူအဖြစ် ထားသည်။
တစ်ခါက ဘုရားလောင်းရသေ့သည် ဟိမဝန္တာ၌ ရသေ့ငါးရာ ခြံရံ၍နေ၏။ အဆုံးမ ခက်သည့် ရသေ့ တစ်ပါးသည် ဘုရားလောင်း၏ စကားကို မနာယူဘဲ မြွေဟောက်ကလေး တစ်ကောင်ကို ဝါးကျည်တောက်တစ်ခုတွင်ထည့်၍ သားအမှတ်ဖြင့် မွေးထား၏။ ထိုမြွေကို ဝေဠုကဟု ခေါ်တွင်၏။ တစ်နေ့၌ ထိုရသေ့သည် အခြားရသေ့တို့နှင့် အတူသစ်သီးရှာထွက်ရာ မြွေငယ်ကို ဝါးကျည်တောက် တွင် ပိတ်ထားခဲ့၏။ နှစ်ရက်သုံးရက်နေပြီး ပြန်လာသော် ရသေ့သည် ဝါးကျည်တောက်ကို ဖွင့်၍ လက်ကိုဖြန့်ကာ ဝေဠုကအား အစာပေး၏။ အစာမစားရသော ဝေဠုကသည် ရသေ့၏ လက်ကိုကိုက် ပြီး တောသို့ ဝင်လေ၏။ ရသေ့လည်း ထိုအရပ်၌ပင် သေလေ၏။
ခုဒ္ဒကနိကာယ်၊ ၄၃-ဝေဠုကဇာတ်။
No comments:
Post a Comment