ဘူးတောင်းနစ် စောင်ခြမ်းပေါ်

(စကားပုံ)

      ဘူးတောင်းက ရေတွင်နစ်၍ စောင်ခြမ်းက ရေတွင်ပေါ်သည် ဆိုသကဲ့သို့ ထင်ပေါ်ရမည့်သူက တိမ်မြုပ်၍ မထင်ပေါ်ရမည့်သူက ထင်ပေါ်နေသည်။

      ဂေါတမမြတ်စွာဘုရား လက်ထက်က ကောသလမင်းကြီးသည် တစ်ဆယ့်ခြောက်ချက်သော အိပ် မက်ကို မြင်မက်သည်။ အိပ်ရာမှနိုးသော် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ် စွာဘုရားထံ သွားရောက်ပြီး အိပ်မက်ခြင်းအကြောင်းကို လျှောက်ထားသည်။ ထိုတစ်ဆယ့်ခြောက် ချက်သော အိပ်မက်တို့တွင် တစ်ဆယ့်နှစ်ချက်မြောက် အိပ်မက်မှာ ဘူးတောင်းသည် ရေ၌နစ်၍ စောင်ခြမ်းတို့သည် ရေပေါ်၌ ပေါလောပေါ်သည်ဟူသော အိပ်မက်ဖြစ်သည်။ ထိုအခါ ဘုရားရှင်က အိပ်မက်၏ အကျိုးအပြစ်မှာ "နောင်ဆုတ်ကပ် ကာလတွင် အမျိုးကောင်းသားတို့သည် လည်းကောင်း၊ အကျင့်သီလရှိသူတို့သည် လည်းကောင်း အရာမဝင်၊ သြဇာမရှိ။ အမျိုးယုတ်ညံ့သောသူ၊ အကျင့် သီလ မရှိသူတို့သာ လူရာဝင်၍ သြဇာညောင်းမည်" ဟု မိန့်တော် မူသည်။

ခုဒ္ဒကနိကာယ်၊ ၇၇-မဟာသုပိနဇာတ်။
  • ဘူးတောင်း = အများအားဖြင့် ရေထည့်ဆောင်ယူလေ့ရှိသော ခေါင်းပွဘူးသီးခွံ။
  • စောင်ခြမ်း = မြေအိုးကွဲ အပိုင်းအစ။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!