မောင်မောင်ဆိုလေ ထီးရိုးရှည်
(စကားပုံ)
မောင်မောင်ဟု ဆိုလေလေ ဘဝင်မြင့်ပြီး ထီးရိုးကိုရှည်ရှည်လုပ်၍ ဆောင်းလေလေ ဆိုသကဲ့သို့ ချော့မော့မြှောက်ပင့်လေလေ ကဲလေလေ ဖြစ်သည်။
ထီးရိုးရှည် = ရှေးမြန်မာမင်းများ လက်ထက်က ထီးသည် အစီးအနင်း အဆောင်အရွက် တစ်ခု ဖြစ်သည်။ ထီးဆောင်းခွင့် ရသူသည် ထီးရိုးကိုလည်း သတ်မှတ်သည့် အရှည်ပမာဏ အတိုင်းသာ ဆောင်းခွင့်ရှိသည်။
No comments:
Post a Comment