ယောက္ခမ သေမှန်းသိ မြင်းဝယ်မစီးရလား

(စကားပုံ)

      ယောက္ခမ သေမှန်းမသိ၍ မြင်းဝယ်မစီးလိုက်ရသူကဲ့သို့ အခြေအနေပေးမှန်းမသိ၍ အခွင့်အရေး ကို မယူလိုက်မိဘဲ ရှိသည်။

      ရှေးအခါက လူတစ်ယောက်သည် ရပ်ဝေးသို့ ခရီးသွားလေသည်။ အိမ်သို့ပြန်လာသောအခါ လမ်း ခရီး၌ ရေပြတ်လပ်သောကြောင့် အလျင်သွားနှင့်သော သူတို့အား ငါ့သမက်ကို ရေနှင့် ကြိုလာပါစေ ဟု မှာလိုက်၏။ သမက်လည်း ရေယူ၍ အဆောတလျင် လိုက်လာရာ ယောက္ခမအထံသို့ မရောက်မီ မြင်းသည်တစ်ဦးကို တွေ့၏။ မြင်းသည်ကလည်း ရေငတ်လှ၍ မြင်းကိုယူပါတော့၊ ရေကိုသာ သောက် ပါရစေဟုတောင်း၏။ သို့သော် ရေကိုမပေးဘဲ ယောက္ခမထံအရောက်သွား၏။ ယောက္ခမမှာမူ သမက် မရောက်မီပင် ရေငတ်၍ သေနှင့်လေ၏။ ဤတွင် သမက်လည်း ယောက္ခမသေမည်မှန်းသိလျှင် မြင်း ဝယ်၍ မစီးရပါကလားဟု မချင့်မရဲ ဆိုလေ၏။

လောကပညတ္တိ။ ၉၀။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!