မျောက်သားစားချင် မျောက်မျက်နှာကြည့်

(စကားပုံ)

      မျောက်သားစားလိုစိတ် ဖြစ်ပေါ်စေကာမူ မျောက်၏သနားစရာ မျက်နှာကို ကြည့်ရှု၍ ငဲ့ညှာသင့် သကဲ့သို့ တစ်စုံတစ်ယောက်အပေါ်၌ ရက်စက်လိုစိတ် ဖြစ်ပေါ်စေကာမူ တစ်ချိန်က ထိုသူ၏ ကောင်း ခဲ့ဖူးသော အချက်များကိုငဲ့၍ ထောက်ထားသင့်သည်။

        မျောက်သားစားချင် မျောက်မျက်နှာမကြည့်နှင့် - နှင့် နှိုင်းယှဉ်။

      ရှေးသရောအခါ ပုဏ္ဏားတစ်ဦးသည် ဟိမဝန္တာတောဝယ် မျက်စိလည်လျက် ခုနစ်ရက်လုံး အစာ မစားရဘဲ ချောက်ကြီးထဲ၌ ဒုက္ခရောက်နေ၏။ ဆယ်ရက်ခန့် ကြာသော် ဘုရားလောင်း မျောက်မင်း သည် ပုဏ္ဏားကိုမြင်၍ ၎င်းကို ကျော၌ပိုးပြီး ချောက်တွင်းမှ ပင်ပန်းကြီးစွာ ခုန်တက်ကာ ကယ်တင် ခဲ့လေသည်။ ထို့နောက် ပုဏ္ဏားကို ကျောက်ဖျာငယ် တစ်ခု၌ထား၍ ပင်ပန်းသဖြင့် ခဏမျှ အိပ်စက် လေ၏။ ပုဏ္ဏားသည် မိမိကို ကယ်ခဲ့သော မျောက်မင်း၏ မျက်နှာကို ကြည့်ရှု ထောက်ထားရမည် ဖြစ်ပါလျက် မထောက်ထားဘဲ မျောက်သား စားရန် ရည်ရွယ်၍ မျောက်၏ ဦးခေါင်းကို ကျောက်တုံး ဖြင့် ထုသတ်လေ၏။ မျောက်မင်းသည် ဒဏ်ရာကြီးစွာရ၍ သစ်ပင်ပေါ်သို့ ခုန်တက်ကာ သစ်ပင်ပေါ်မှ လမ်းပြလျက် ပုဏ္ဏားကို တောအုပ်မှ ထုတ်ဆောင်ခဲ့သည်။ ပုဏ္ဏားသည် ကျေးဇူးရှင်ကို ပြစ်မှားသဖြင့် နူ၍ ပြိတ္တာ ဖြစ်သွားလေသည်။

ခုဒ္ဒကနိကာယ်၊ ၅၁၆-မဟာကပိဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!