ယောက်မ ခါးထိုးရှာ

(စကားပုံ)

      ယောက်မကိုခါး၌ ထိုးထားပြီး လိုက်ရှာသကဲ့သို့ မိမိ၏ အနီးအပါးတွင် ရှိနေလျက် သတိမမူမိဘဲ ခက်ခက်ခဲခဲ ရှာဖွေသည်။

      ရှေးအခါက မင်းသားတစ်ပါးသည် တောကစားထွက်ရာ သစ်ပင်ကြီးတစ်ပင်အောက်ရှိ ခြတောင် ပို့အနီးသို့ ရောက်လေသည်။ ထိုစဉ် ငိုသံကြားသဖြင့် ရှာဖွေရာ လူကိုမမြင်ရဘဲ ခြတောင်ပို့ကြီးထဲမှ ထွက်နေသည့် ဆံပင်များကို မြင်သဖြင့် ခြေမနှင့်ညှပ်၍ ဆွဲယူလိုက်ရာ ငိုနေသော မိန်းကလေး တစ် ယောက် ပေါ်လာလေသည်။ မိန်းကလေးသည် သူ၏ဆံပင်ကို ခြေမနှင့်ဆွဲယူသော မင်းသားလေး အပေါ်စိတ်ဆိုးကာ စကားမပြောဘဲ နေလေသည်။ မင်းသားလေးသည် မိန်းကလေးအား နန်းတော်သို့ ခေါ်ဆောင်သွားပြီး စကားပြောလာစေရန် ရည်ရွယ်လျက် မင်းသားလေး ကိုယ်တိုင် မီးဖိုဆောင်သို့ ဝင်ကာ ထမင်းအိုးတည်သည်။ မင်းသားကလေးသည် လက်နှီးကို ခေါင်းမှာပတ်၊ စလောင်းဖုံးကို ခေါင်းပေါ်ဆောင်း၊ ယောက်မကို ခါးကြားထိုး၍ ထားလေသည်။ ထမင်းအိုးဆူလာသောအခါ မွှေစရာ ယောက်မကို ဟိုဟို သည်သည် ရှာဖွေနေရာ မိန်းကလေးက မနေနိုင် တော့ဘဲ "ခါးက ဘာတုံး" ဟု ပြောမိလေသည်။ တစ်ဖန် လက်နှီး၊ စလောင်းဖုံး တို့ကို ရှာပြန်ရာ မိန်းကလေးက ထိုနည်းတူ ပြောမိ လေရာ စကားသုံးခွန်း ပြည့်အောင် ပြောမိသွားလေသည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!