မရွယ်ဘဲ စော်ကဲ မင်းဖြစ်

(စကားပုံ)

      မရည်ရွယ်ဘဲနှင့် စော်ကဲ မင်းဖြစ်သကဲ့သို့ ရည်ရွယ်မျှော်မှန်းခြင်းမရှိဘဲနှင့် အခွင့်အလမ်းကောင်း ကို ရသည်။

      အင်းဝဘုရင် သတိုးမင်းဖျား နတ်ရွာစံသော် ထီးနန်းဆက်ခံရန် နန်းလျာမရှိသဖြင့် မှူးမတ်များက ရမည်းသင်းစား သီလဝကို မင်းပြုရန် တောင်းပန်ကြသည်။ ရမည်းသင်းစား သီလဝက အမြင့် မင်း စော်ကဲသည် ရဲစွမ်းသတ္တိလည်း ရှိသည်။ မိဖုရား စောဥမ္မာ၏ မောင်ဖြစ်သဖြင့် သတိုးမင်းဖျား၏ ယောက်ဖတော်လည်း ဖြစ်သည်။ အမြင့် မင်းစော်ကဲကိုသာ မင်းမြှောက်ကြလေဟု ဆိုသဖြင့် အမြင့် မင်း စော်ကဲသည် မရည်ရွယ်ဘဲ မင်းအဖြစ် ရောက်လေသည်။

မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ပ။ ၄၄၂။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!