ရွာသားမင်းစေ ရွာနေမရှက်

(စကားပုံ)

      တစ်ရွာတည်းသားဖြစ်သူ မင်းမှုထမ်းကို ရွာနေလူအများက ရှက်ကြောက် လေးစားခြင်း မရှိကြ သကဲ့သို့ အချင်းချင်းထဲမှ တာဝန်ရှိပုဂ္ဂိုလ် ဖြစ်လာသူအား တစ်ချိန်က ဘဝတူများက လေးစားရိုသေ ခြင်း မရှိပေ။

      ရှေးသောအခါ လူတစ်ယောက်သည် လွန်ကျူးစွာ ဆဲလေသော် ဆဲရေးကောင်းမည်လော ဟူ၍ ရွာသားအား မင်းစေတိုက်၏။ ရွာသားမင်းစေအား မင်းစေခံသည် မကြောက်မရှက်နေ၏။ မင်းစေစား တောင်းလေသော် ရွာတွင် မြင်းကျိုးနှင့် မင်းစေစား ပေးသတည်း။

လောကပညတ္တိ။ ၉၁။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!