ရော့ပတ္တမြား၊ ရော့နဂါး

(စကားပုံ)

      ပတ္တမြားကို လက်ငင်းပေးမှ နဂါးရှိရာကို လက်တွေ့ ပြသကဲ့သို့ တန်ဖိုးကို လက်ငင်းပေးချေမှ ပစ္စည်းကို လက်ငင်း ရရှိနိုင်သည်။

      ဗာရာဏသီပြည်သား ဆင်းရဲသားအလမ္ပာယ် ပုဏ္ဏားတစ်ယောက်သည် ရသေ့တစ်ပါးထံမှ နဂါး နိုင်မန္တန်ကို ရရှိ၍ ထိုမန္တန်ကိုရွတ်လျက် ယမုန်နာ မြစ်ကမ်းအတိုင်း လျှောက်လာခဲ့သည်။ ထိုအခါ (ဘူရိဒတ် နဂါးမင်း၏ မိဖုရား) နဂါးမတစ်သိုက်သည် ယမုန်နာမြစ် သဲပြင်ပေါ်၌ ပတ္တမြားမျက်ရှင်ကို ချကာ ရေကစားနေကြရာ အလမ္ပာယ်ပုဏ္ဏား မန္တန် ရွတ်သံကို ကြားသည်တွင် ဂဠုန်လာပြီ အထင်နှင့် ပတ္တမြားကို မယူအားဘဲ နဂါးပြည်သို့ ပြန်ပြေးကြသဖြင့် အလမ္ပာယ်ပုဏ္ဏားသည် ပတ္တမြားကို ရရှိ လိုက်လေသည်။ အလမ္ပာယ်ပုဏ္ဏားသည် ဘူရိဒတ် နဂါးမင်း ဥပုသ်စောင့်ရာနေရာကို တွေ့ထားသော မုဆိုးပုဏ္ဏား သားအဖ နှစ်ယောက်နှင့် တွေ့ဆုံပြီး စကားစပ်မိကြရာ ပတ္တမြား၏ အဖိုးတန်ပုံကို သိ၍ စိတ်ဝင်စားသော မုဆိုးပုဏ္ဏားနှင့် ဘူရိဒတ် နဂါးမင်းကို စိတ်ဝင်စားသော အလမ္ပာယ်ပုဏ္ဏားတို့ အပေး အယူ တည့်ကြပြီး မုဆိုးက အလမ္ပာယ်ပုဏ္ဏားကို ဘူရိဒတ် နဂါးမင်းရှိရာနေရာသို့ ခေါ်လာကာ "နဂါး မင်းကို ဖမ်းလော့" ဟု ညွှန်ပြလေ၏။ ထိုအခါ အလမ္ပာယ်ပုဏ္ဏားကလည်း ပတ္တမြားကို မုဆိုးလက်သို့ ပေးအပ်လေသည်။

ခုဒ္ဒကနိကာယ်၊ ၅၄၃-ဘူရိဒတ္တဇာတ်။

Read Users' Comments (1)comments

1 comment:

Unknown said...

လေးစားပါတယ်၊ ဒေါက်တာ၊
ဒီလိုကျမ်းတစ်ခုကို ဒစ်ဂျစ်တယ်စနစ်နဲ့ ဖန်တီးတာ တော်တော်ကောင်းတဲ့ စိတ်ကူးပါ။ ယူနီကုဒ်ပြောင်းဖို့ အကြံပြုလိုပါတယ်။

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!