ရောင်တော်ပြန်နှင့် ရောလွှတ်

(စကားပုံ)

      ရောင်တော်ပြန် လွှတ်ခြင်းနှင့် အခြားသော အလင်းရောင်တို့သည် ပတ်သက်ခြင်း မရှိဘဲလျက် အခြားသော အလင်းရောင်တို့ကလည်း ရောင်တော်ပြန်နှင့်ရောနှော၍ ရောင်ခြည်လွှတ်သည် ဆို သကဲ့သို့ အဖြစ်အပျက်တစ်ရပ်နှင့် မပတ်သက်ဘဲလျက် ရောယောင်၍ ပုံမှားရိုက်ကာ အခွင့်အရေး ယူသည်။

        ရောင်တော်ပြန် = သာသနာကွယ်ပမည့် အချိန်၌ မြတ်စွာဘုရား၏ ဓာတ်တော်အားလုံး စုဝေး၍ ဓာတုပရိနိဗ္ဗာန်ပြုသည့်အခါတွင် လွှတ်သည့် ရောင်ခြည်တော်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!