ရေမနောက် ကြာမရှောက်

(စကားပုံ)

      ရေလည်း မနောက်စေရ၊ ကြာပင်လည်းမရှုပ်ထွေးစေရဘဲ ရေကြည်သောက်သကဲ့သို့ မည်သူ့ကိုမျှ မထိခိုက်စေဘဲ မိမိလိုရာ ကိစ္စပြီးအောင် ဆောင်ရွက်သည်။

      တစ်ရံရောအခါ ကြာအိုင်တစ်အိုင်နှင့် မလှမ်းမကမ်းရှိ ယာတောတစ်ခုတွင် တောင်သူလင်မယား ယာလုပ်၍ နေထိုင်ကြ၏။ ထိုအနီးတွင် နဂါးမတစ်ကောင်လည်း အသိုက်ပြု၍ နေ၏။ တစ်နေ့သော် နဂါးမ အစာရှာသွားခိုက် တောမီးလောင်ရာ လယ်သမားသည် ဥများနှင့် တကွသော နဂါးအသိုက်ကို မီးလောင်အံ့စိုး၍ နေရာရွှေ့ပြောင်း ထားလေ၏။ နဂါးမ ပြန်လာ၍ အသိုက်နေရာ ယွင်းနေသည်ကို တွေ့လျှင် ဒေါသထွက်ကာ တောင်သူကြီးအား ပေါက်သတ်မည်ပြု၏။ တောင်သူကြီးက တောမီးအ ကြောင်း ရှင်းပြ၍ ကျေးဇူးရှင် ဖြစ်သော မိမိအား ထိုသို့ပြုရာသလောဟု ဆို၏။ သို့သော် နဂါးမက လက်သင့်မခံချေ။ သို့သော် လယ်သမားက ခုနစ်ရက် ဆိုင်းငံ့ရန် ပြောသည်ကိုမူ နဂါးမက သဘော တူလေသည်။ ထိုအကြောင်းကို တောင်သူကြီး၏မယား သိလေလျှင် မစိုးရိမ်ရန်ပြောကြားပြီး နဂါးမ ရှိရာ ရေအိုင်သို့သွား၍ အရှင်နဂါးမထံ ရေသောက်ခွင့် တောင်း၏။ နဂါးမက ရေလည်းမနောက်၊ ကြာလည်း မရှောက်စေ နှင့်ဟု ဆိုရာ ထိုမိန်းမက ကျူရိုး အဆစ်ကို ဖောက်ထွင်း၍ ကျူရိုးပြွန်ဖြင့် ရေကိုစုပ်သောက်သောကြောင့် ရေလည်းမနောက် ကြာလည်း မရှောက် ရှိလေ၏။ ရေအ၀သောက် ပြီးနောက် စောင့်ကြည့်နေသော နဂါးမအား တုတ်ဖြင့် ရိုက်သတ်မည် ပြု၏။ နဂါးမက ငါ ကျေးဇူးရှင် ကို ရိုက်သတ်ရာသလောဟု ဆို၏။ ထိုအခါ မိန်းမက ငါ၏ခင်ပွန်း သင့်ကျေးဇူးရှင်ကို သင်က ပေါက် သတ်မည် ဆို၍ ချေပရန်လာခြင်း ဖြစ်သည်ဟု ဆို၏။ ထိုအခါ တောင်သူကြီးသည် လည်းကောင်း၊ နဂါးမသည် လည်းကောင်း အသက်မသေ ချမ်းသာကြလေ၏။

လောကပညတ္တိ။ ၁၁၈။

        ရှောက် = ရှုပ်ထွေးသည်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!