ယုန်မရခင် သံပရာရှာ

(စကားပုံ)

      ၁။ ယုန်မမိသေးမီ ယုန်သားနှင့်သုပ်စားရန် သံပရာသီး ရှာသည်ဆိုသကဲ့သို့ ဘာမျှမရေရာသေး မီက တင်ကြို၍ မလိုအပ်သေးသော ပြင်ဆင်မှု ပြုလုပ်သည်။

      ၂။ ယုန်မမိသေးခင် ယုန်သားဟင်းချက်ရန် သံပရာပိုင်း ဒယ်အိုးရှာသည် ဆိုသကဲ့သို့ ဘာမျှမရေ ရာသေးမီက တင်ကြို၍ မလိုအပ်သေးသော ပြင်ဆင်မှု ပြုလုပ်သည်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!