ဘုရားပြီး ငြမ်းဖျက်

(စကားပုံ)

      စေတီပုထိုး တည်ရာ၌ဖြစ်စေ၊ ပြုပြင်ရာ၌ ဖြစ်စေ ငြမ်းဆင်၍ လုပ်ကိုင်ရသော်လည်း လုပ်ငန်း ကိစ္စ ပြီးမြောက်သည့်အခါ ငြမ်းကို ဖျက်သကဲ့သို့ ကိစ္စတစ်ခု အောင်မြင်ပြီးမြောက်သွားသည့်အခါ အောင်မြင်အောင် ဆောင်ကြဉ်းပေးခဲ့သူအား ပစ်ပယ်သည်။

      နရသီဟပတေ့မင်းသည် မင်းအဖြစ်ကို ရတော်မူလျှင် မိမိအား နန်းတင်ပေးသော အမတ်ကြီး ရာဇသင်္ကြန်ကို မေ့လျော့တော်မူ၍ မပြုမစု နေဘိ၏။ ရာဇသင်္ကြန်လည်း နှလုံးမကြည်ရှိ၍ ကွမ်း ကလပ်ပဲ့ကိုဆောင်၍ နန်းတော်သို့ တက်လေ၏။ မင်းကြီးလည်း အဘိုးရာဇသင်္ကြန် အဘယ်ကြောင့် ကွမ်းကလပ်ပဲ့ကို စားသနည်းဟု မေးတော်မူ၏။ အရှင့်သား ပန်းပွတ်သည်တို့ ပွတ်ပါမည့် သူမရှိ၍ ကလပ်ပဲ့ကို စားရသည်ဟု အထိအရောက် လျှောက်လေ၏။ မင်းကြီးလည်း ရာဇသင်္ကြန် လျှောက် သော စကားကို ကြားတော်မူသော် နှလုံးသော် နာသည်ဖြစ်၍ အဘိုး ရာဇသင်္ကြန် ဂူထွတ်ကို တင် သောအခါ အဘယ်နှင့် တင်သနည်းဟု မေးတော်မူ၏။ အရှင့်သား ဂူထွတ်ကို ငြမ်းလုပ်၍ တင်သည်ဟု လျှောက်၏။ ဂူထွတ် အထက်သို့ ရောက်သော် ငြမ်းကို ပသို့ ပြုသနည်းဟု မေးတော်မူ၏။ အရှင့်သား ဂူထွတ် အထက်သို့ ရောက်ပြီးသော် ငြမ်းကိုဖျက်မှ ဂူထွတ်တင့်တယ်သည်ဟု လျှောက်၏။ မင်းကြီး လည်း ငါကား ဂူထွတ်နှင့် တူ၏။ ရာဇသင်္ကြန်ကား ငြမ်းနှင့်တူ၏။ ဂူထွတ် အထက်ကိုရောက်သကဲ့သို့ ငါ မင်းအဖြစ်ကို ရောက်ပြီ၊ ငြမ်းနှင့်တူသော ရာဇသင်္ကြန်ကိုဖျက်မှ ဂူထွတ်နှင့် တူသောငါ တင့်တယ် သည် ဖြစ်မည်။ စည်းစိမ်၊ ဆင်၊ မြင်း၊ သင်းပင်းခြွေရံတို့ကို သိမ်း၍ ဒလမြို့သို့ပို့လေဟု မိန့်တော်မူ၏။

ဦးကုလား မဟာရာဇဝင်တော်ကြီး၊ ပ။ ၂၈၃-၂၈၄။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!