မြွေပါလည်းဆုံး၊ သားလည်းဆုံး

(စကားပုံ)

      မြွေပါရော သားပါ ဆုံးရှုံးရသကဲ့သို့ နှစ်ဖက်နှစ်လမ်း နစ်နာဆုံးရှုံးသည်။

-----------------------------------

      ခဝါသည် လင်မယားနှစ်ယောက်သည် တောထဲမှဖမ်းယူ ရရှိသော မြွေပါတစ်ကောင်ကို အိမ်၌ မွေးမြူထားသည်။ မြွေပါသည် ကာလကြာရှည်စွာ လူနှင့်နီးနီးကပ်ကပ် နေရသောကြောင့် ယဉ်ပါး လာသည်။ တစ်နေ့တွင် ခဝါသည် လင်မယားသည် နို့စို့သားငယ်ကို မြွေပါထံအပ်နှံ၍ ခဝါဖွပ်ရန် သွားကြသည်။ ထိုစဉ် မြွေတစ်ကောင်ဝင်လာပြီး ရေသောက်ရန် မြွေပါထံ ခွင့်တောင်း၏။ မြွေပါက ကလေးငယ်ရှိသဖြင့် ခွင့်မပြုနိုင်ကြောင်းပြောရာ မြွေက ကလေးကို အန္တရာယ်မပြုပါဟု ကတိပေး သဖြင့် ခွင့်ပြုလိုက်၏။ မြွေရေသောက်နေစဉ် ကလေးငယ်က မြွေဦးခေါင်းကို ပုတ်ကစားရာ မြွေ သည် ဒေါသထွက်၍ ကလေးငယ်အား ပေါက်လိုက်လေသည်။ ထိုအခြင်းအရာကို မြွေပါမြင်သော အခါ မြွေကိုအပိုင်းပိုင်း ကိုက်ဖြတ်၍ သတ်လေသည်။ ခဝါသည် လင်မယား ပြန်ရောက်သည့်အခါ သားသေနှင့် သွေးပေနေသော မြွေပါကို မြင်လျှင် မစူးစမ်း မဆင်ခြင်ဘဲ မြွေပါကို ရိုက်သတ်လေ သည်။ ထိုနောက် မြွေသေကိုမြင်သည့် အခါတွင်မှ မြွေပါကို ရိုက်သတ်မိခြင်းမှာ မိမိတို့အမှားဖြစ် သည်ဟု သိရှိကာ နောင်တကြီးစွာ ရလေသည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!