မြစ်တစ်ဖက် ဝက်လက်ကင်

(စကားပုံ)

      ဟိုမှာဘက်ကမ်းရှိမီးဖိုတွင် သည်ဘက်ကမ်းမှနေ၍ ဝက်လက်ကို မီးကင်သည် ဆိုသကဲ့သို့ စကား အဖြစ် ပြောရသော်လည်း တကယ်လက်တွေ့တွင် မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။

        တောဆင်အဝေး ခမည်းပေး - နှင့် အတူတူ။

      တစ်ရံရောအခါ အရှင်ဖြစ်သူကကျွန်အား မြစ်ထဲတွင်တစ်ညလုံး ရေစိမ်၍နေနိုင်သော် ကျွန်အဖြစ် မှ လွှတ်မည်ဟုဆို၏။ ကျွန်လည်း အချမ်းဒဏ်ကိုခံ၍ တစ်ညလုံး ရေစိမ်ပြီးသော် ကျွန်အဖြစ်မှလွှတ် ပေဟု ဆို၏။ သို့သော် အရှင်က မြစ်တစ်ဖက်ကမ်းရှိ မီးပုံကို ရည်ညွှန်း၍ မြစ်နားတွင် မီးရှိသော ကြောင့်သာ သင်နေနိုင်ခြင်း ဖြစ်သည်၊ အဘယ်မှာ လွှတ်ရမည် နည်းဟု ဆိုလေသည်။ တစ်နေ့တွင် ထိုကျွန်ကို အရှင်က ဝက်လက်ကင်ချေဟု ခိုင်း၏။ ကျွန်လည်း ဤမှာဘက်ကမ်း မှနေ၍ မြစ်တစ်ဖက် ရှိမီးဖြင့် ဝက်လက်ကို ကင်လေသည်။ အတန်ကြာလျှင် ကျက်ပြီဟု ဆိုကာ အရှင်အား ဝက်လက်ကို ပေးလျှင် အရှင်က မကျက်ပါ တကားဟု ဆို၏။ ကျွန်က ကင်သော အကြောင်းကို ပြော၏။ အရှင်က ဟိုဘက်ကမ်းမှာ ရှိသော မီးဖြင့် သည်ဘက်ကမ်းမှ ကင်၍ ရရာသလော ဟုမေးရာ ကျွန်ဖြစ်သူက ရေစိမ်သောအခါကလည်း မြစ်တစ်ဖက်ကမ်းမှာရှိသော မီးသည် ပူရာသလော ဟု ဆိုပေ၏။ ဤသို့ဆိုမှ ကျွန်အဖြစ်မှ လွတ်လေသည်။

လောကပညတ္တိ။ ၈၈။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!