ပိုနေမြဲ ကျားနေမြဲ
မောင်ပိုနှင့်ကျားသည် မူလနေမြဲအတိုင်း ဖြစ်သွားကြသကဲ့သို့ မူလအနေအထားကို မပြောင်းလဲ ဘဲ နဂိုနေမြဲအတိုင်း ရှိနေသည်။
ရှေးအခါက မောင်ပိုမည်သော သူငယ်တစ်ယောက်ရှိသည်။ သူသည် လယ်ထွန်ရင်း လယ်တော အနီး တောအုပ်မှ ကျားတစ်ကောင်နှင့် မိတ်ဆွေဖြစ်သည်။ ကျားသည် မောင်ပိုနှင့် ရွာသို့လိုက်လို ကြောင်း ပြောသည်။ မောင်ပိုက မခေါ်သဖြင့် သူ့သဘောနှင့် သူ ရွာသို့ဝင်ပြီး နွားများကို ဆွဲလေသည်။ ရွာသားများက ထောင်ချောက်ထောင်၍ဖမ်းရာ ကျားကို မိလေသည်။ မောင်ပို သိသောအခါ သနား သဖြင့် ကျားကို ထောင်ချောက်အတွင်းမှ လွှတ်လေသည်။ သို့ရာတွင် ကျေးဇူးကန်းသော ကျားသည် ထောင်ချောက်မှထွက်သည်နှင့် တစ်ပြိုင်နက် မောင်ပိုအား စားမည်ဟု ပြောလေသည်။ မောင်ပိုက ကျေးဇူးရှင်အား မပြစ်မှားထိုက်ကြောင်း ပြောဆိုသည်။ ကျားနှင့်မောင်ပို အငြင်းပွားကြပြီး အဆုံး အဖြတ်ခံယူရန် ယုန်ပညာရှိထံ ရောက်ကြ၏။ ယုန်က ထိုအမှုကို အဆုံးအဖြတ်ပေးနိုင်ရန် မူလ ဖြစ် ပျက်ခဲ့သည့် နေရာသို့သွား၍ လက်တွေ့ ပြစေသည်။ ထိုအခါ ကျားသည် ထောင်ချောက်အတွင်းသို့ ဝင်ပြသည်။ မောင်ပိုက ထောင်ချောက်အပြင်ဘက်မှာ နေသည်။ ယုန်က မောင်ပိုအား ထောင်ချောက် ကို အမြန်ပိတ်စေပြီး ပိုနေမြဲ ကျားနေမြဲ နေစေဟု အဆုံးအဖြတ် ပေးလေသည်။
No comments:
Post a Comment