တစ်လုတ်စားဖူး သူ့ကျေးဇူး

(စကားပုံ)

      သူ့ထမင်းကို တစ်လုတ်မျှ စားဖူးလျှင်ပင် ထိုသူ၏ ကျေးဇူးမကင်းတော့သကဲ့သို့ အနည်းငယ်မျှ ပင်ဖြစ်စေ ကူညီမစခြင်း ခံရဖူးလျှင်ပင် ထိုသူ၏ကျေးဇူး မကင်းသည်သာ ဖြစ်သည်။

        တစ်လုတ်စားဖူး သူ့ကျေးဇူး - ဆိုရိုးလည်းရှု။

        တစ်လုတ်ကျွေးဖူး သူ့ကျေးဇူး - နှင့် အတူတူ။

      ငါးစီးရှင်ကျော်စွာ ပင်လယ်ကို စားသောအခါ ညီတော်ဖြစ်သူ စစ်ကိုင်းမင်း အသင်္ခယာစောယွမ်း ကို လုပ်ကြံရန် ငခင်ညိုဟူသော ကျွန်ကို စေတော်မူသည်။ ငခင်ညိုသည် စစ်ကိုင်းသို့ကူး၍ အရိပ် အခြည် ကြည့်သော် မလုပ်ကြံ သာသောကြောင့် တောတွင် သုံးရက် ပုန်းအောင်း နေလေသည်။ ငခင်ညိုသည် အခါသင့်၍ လုပ်ကြံမည်ဟု နန်းတော်သို့ တက်လေရာ နန်းတော်တွင် နတ်တင်ထား သော ထမင်းကို တွေ့ရသည်။ သုံးရက်တိုင် ထမင်းမစား ခဲ့ရသော ငခင်ညိုသည် ထိုထမင်းကို အားရစွာ စားပြီးသော် နန်းတော်တွင်းသို့ ဝင်၍ အသင်္ခယာ စောယွမ်းကို လုပ်ကြံရန် စောယွမ်း၏ ခေါင်းရင်းတွင် ရပ်လေ၏။ ထိုတွင် ငခင်ညိုသည် "ဤအသင်္ခယာ စောယွမ်းကား ငါ၏ ထမင်းရှင် ဖြစ်၍ ပြစ်မှားမိချေက သံသရာအပြစ် အလွန်ကြီးမည်" ဟု အကြံဖြစ်၍ မလုပ်ကြံတော့ဘဲ အသင်္ခယာစောယွမ်းထံ ရောက်ရှိကြောင်း သက်သေပြရန် အရှင်သခင် ကျော်စွာက အသင်္ခယာ စောယွမ်းအား ပေးထားသော ပတ္တမြား ကျောက်စီဓားကိုသာ ယူ၍ ပြန်လာခဲ့သည်။ ငါးစီးရှင်လည်း ငခင်ညို၏ အစီရင်ခံ လျှောက်ထားချက်ကို အားရကျေနပ်သဖြင့် အမျက်မထွက်ရုံမက "ထမင်း စလောင်းရှင် ကိုပင် ဤမျှ ကျေးဇူးသိသော ငခင်ညိုသည် ငါ့အပေါ်တွင် ကျေးဇူးသိမည်မှာ ဆိုဖွယ်ရာ မရှိ" ဟု တွေးတောကာ အလွန် ချီးမွမ်းလျက် ဆုလာဘ် များစွာ ပေးသနားတော် မူလေသည်။

ဦးကုလားမဟာရာဇဝင်တော်ကြီး၊ ပ။ ၃၄၃-၃၄၄။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!