ဇာတ်တူသားစား၍ ဟင်္သာကိုးသောင်းပျက်

(စကားပုံ)

      ဟင်္သာအချင်းချင်း ပြန်စား၍ ဟင်္သာကိုးသောင်း ပျက်စီးသကဲ့သို့ မိမိတို့ အချင်းချင်း သစ္စာမဲ့၍ အားလုံး ပျက်စီးရသည်။

      ရှေးအခါက စိတ္တကုဋ်တောင် ရွှေဂူကြီးတစ်ခုအတွင်းတွင် ဟင်္သာကိုးသောင်းတို့ ခိုအောင်း နေထိုင် ကြသည်။ မိုးကာလတွင် အပြင်သို့မထွက်ဘဲ နွေအခါက သိုမှီးထားသည့် အစားအစာများကိုသာ စား ၍ နေထိုင်ကြသည်။ ထိုအခါ လှည်းဘီးခန့် ရှိသော ပင့်ကူကြီး တစ်ကောင်သည် ဂူဝတွင် အမြှေးကွန် ရက် ဖွဲ့၍နေ၏။ ဟင်္သာတို့သည် ထိုကွန်ရက်ကို ဖောက်ရန် သန်စွမ်းသော ဟင်္သာပျိုတစ်ကောင်အား အစာကို နှစ်ဆ ကျွေးထား၏။ မိုးစဲသော် ဟင်္သာပျိုဦးဆောင်သော ဟင်္သာများသည် ပင့်ကူမြှေးကို ဖောက်ထွက်၍ သွားကြ၏။ တစ်ခါသော် ငါးလပတ်လုံး မိုးရွာ၏။ ဟင်္သာတို့ အစာကုန်သော် အချင်း ချင်း တိုင်ပင်၍ ဦးစွာ ဟင်္သာဥတို့ကို စားကြ၏။ နောက်မှ ဟင်္သာငယ်တို့ကို လည်းကောင်း၊ ဟင်္သာအို တို့ကို လည်းကောင်း စားကြ၏။ ငါးလလွန်၍ မိုးစဲသော် ပင့်ကူသည် အမြှေးကွန်ရက် ငါးခု ဖွဲ့ပြီး၏။ ဟင်္သာတို့သည် မိမိတို့ ဇာတ်တူသားကို စားကြသဖြင့် ခွန်အား နည်းလေ၏။ အစာနှစ်ဆ စားရသော ဟင်္သာပျို ဦးဆောင်၍ ပင့်ကူမြှေးကို ရှေးနည်းတူ ဖောက်ရာ ငါးခုမြောက်သော ပင့်ကူကွန်ရက်၌ ငြိ၍ အသက်ဆုံးကြရ၏။ ဤသို့ဖြင့် ဟင်္သာကိုးသောင်း ပျက်စီးရသည်။

ခုဒ္ဒကနိကာယ်၊ ၅၃၇-မဟာသုတသောမဇာတ်။

Read Users' Comments (1)comments

1 comment:

Unknown said...

ကျေးဇူးပါရှင့်။

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!