စူဠလိပ် ရေထဲလွှတ်

(စကားပုံ)

      ၁။ စူဠလိပ်ကို သေစေလို၍ ရေထဲသို့ပစ်ချလိုက်ရာတွင် မသေရုံသာမက အကြိုက်ပင် တွေ့သွား သေးသကဲ့သို့ သူတစ်ယောက်ကို ဒုက္ခရောက်စေလိုသည့် စေတနာဖြင့် ပြုမူလိုက်ရာတွင် ဒုက္ခမ ရောက် ရုံသာမက သူ့အလိုကျပင် ဖြစ်သွားသည်။

      ၂။ စူဠလိပ်ကို ရေထဲလွှတ်လိုက်သည့် အခါ ပြန်လည်၍ မပေါ်လာတော့ သကဲ့သို့ ကိစ္စဖြင့် စေလွှတ်လိုက် ရာတွင် ပြန်ပေါ် မလာတော့ချေ။

      ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ သားတော် အိမ်ရှေ့ မင်းသားသည် မြို့မှ ထွက်ခွာ၍ ယမုန်နာ မြစ်အနီး တောင်ကြား တစ်ခုတွင် ရသေ့ ရဟန်းပြုကာ နေထိုင်သည်။ ထိုသို့နေစဉ် နဂါးမတစ်ဦးနှင့် အကြောင်းပါ၍ သားတော် တစ်ပါး၊ သမီးတော်တစ်ပါး ဖွားမြင်သည်။ ခမည်းတော် ဗြဟ္မဒတ်မင်း နတ်ရွာစံသော် ဗာရာဏသီပြည်သို့ ပြန်၍ မင်းပြုလေသည်။ သားတော် သမီးတော်တို့အတွက် ပေါက္ခရဏီ ကန်ကြီးကိုတူးစေ၍ ရေသွင်းစေရာ လိပ်ငယ်တစ်ကောင်သည် ရေစီးနှင့် ပါလာလေ သည်။ သားတော် သမီးတော် တို့သည် ရေကစား သွားရင်း လိပ်ငယ်ကို မြင်သော် ကြောက်လန့်ကြ သဖြင့် ခမည်းတော်က ထိုလိပ်ငယ်အား ဒဏ်ပေးစေရာ အမတ်အချို့က ဆုံထဲထည့်၍ ကျည်ပွေ့ ဖြင့် ထောင်းရန်၊ အချို့က အသားကို ချက်စားရန်၊ အချို့က ရှားမီးခဲတွင် ကင်ရန်၊ အချို့က မီးပြင်းတိုက်၍ ရှို့ရန် အကြံ ပေးကြ၏။ ရေကို ကြောက်သော အမတ် တစ်ဦးကမူ ယမုန်နာ မြစ်ထဲသို့ ပစ်ချရန် အကြံ ပြုလေသည်။ ထိုအခါ လိပ်ငယ်က ရေထဲသို့ ပစ်မချရန် ဟန်လုပ်၍ ငိုယိုတောင်းပန်သည်ကို တကယ် ပင် ထင်မှတ်ကြ၍ ယမုန်နာမြစ်ထဲသို့ ပစ်ချလိုက်ရာ လိပ်ငယ်လည်း မဆိုင်းမတွပင် ရေထဲသို့ ငုပ်လျှိုး ကွယ်ပျောက် သွားတော့သည်။

        စူဠလိပ် = လိပ်ငယ်

 ခုဒ္ဒကနိကာယ်၊ ၅၄၃-ဘူရိဒတ္တဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!