စိန္တေသိကိုမှ မကြံနိုင်ခင် ပုစ္ဆေသိ မေးပြန်သည်

(စကားပုံ)

      ပထမပုစ္ဆာကို ဖြေဆိုရန် မစဉ်းစားရသေးခင် နောက်ထပ်တစ်ဖန် မေးပြန်သည် ဆိုသကဲ့သို့ တစ်စုံ တစ်ခုကို ပြီးပြတ်အောင် မလုပ်ရသေးခင် အခြားတစ်ခု ပေါ်လာပြန်သည်။

      ရှေးအခါက ရွာတစ်ရွာတွင် တောင်ကျောင်း၊ မြောက်ကျောင်းဟူ၍ ကျောင်းနှစ်ကျောင်းရှိရာ တောင်ကျောင်း ဖိုးသူတော်က မြောက်ကျောင်း ဖိုးသူတော်ထံ သွား၍ စကားပုစ္ဆာ ပြဿနာ ပြုလုပ်၍ ပုစ္ဆာ အမေးထုတ်သည်မှာ "အသင် မြောက်ကျောင်း ဖိုးသူတော်၊ စိန္တေသိ ဟူသော ပါဠိကို သင်သိလျှင် အနက်ပြန်စမ်းပါ" ဟု ဆိုသတတ်။ ထိုအခါ မြောက်ကျောင်း ဖိုးသူတော်က ထိုပါဠိကို အနက်မပြန်နိုင် သဖြင့် ကြံမှိုင်စဉ်းစားနေဆဲအခါ တောင်ကျောင်း ဖိုးသူတော်က "မြောက်ကျောင်း ဖိုးသူတော်၊ အနက် ပေးနိုင်လျှင် ပေးပါ၊ ပုစ္ဆေသိ ဟူသော ပါဠိကလေး မေးစရာ ရှိပါသေးသည်၊ နှေးလှပါ ကလား" ဟု ဆိုလျှင် မြောက်ကျောင်း ဖိုးသူတော်က တစ်ခုမပြီးသေးခင် တစ်ခုထပ်၍ မေးရမည်လောဟု စိတ်ဆိုး သော အးဖြင့် "စိန္တေသိ ကြံတုန်းရှိသေး၊ ပုစ္ဆေသိ မေးပြန်ပြီ" ဟုဆိုသတတ်။ ထိုအခါ တောင်ကျောင်း ဖိုးသူတော်က "မြောက်ကျောင်း ဖိုးသူတော်သည် ငါ၏ ပုစ္ဆာ ပြဿနာကို ကောင်းစွာ ဖြေစွမ်းနိုင်ပါ ပေသည်" ဟု ချီးမွမ်း၍ မိမိကျောင်းသို့ ပြန်သွားသတတ်။

ဗန်းမော်စကားပုံ ပေါင်းချုပ်။ ၃၁၂။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!