စိုသောလက် မခြောက်စေနှင့်

(စကားပုံ)

      ၁။ ခံယူသူ၏လက်သို့ ရေသွန်းလောင်း၍ ပေးကမ်းလှူဒါန်းသော အစဉ်အလာ ရှေးက ရှိခဲ့၏။ အလှူရှင်၏ ကျေးဇူးတရားကို မမေ့ခြင်းသည် အလှူခံအဖို့ မိမိ၏ စွတ်သော လက်ကို မခြောက်စေ ခြင်းတည်း။ ထို့အတူ တစ်စုံတစ်ရာ ကျေးဇူး ပြုဖူးသူအား မည်သည့် အခါမျှ ကျေးဇူး မမေ့အပ်ပေ။ (စွတ်သော လက်ကို မလောင်စေနှင့် - ဟူ၍လည်း အသုံးရှိသည်။)

      ၂။ အလှူရေစက် လက်နှင့်မကွာပေးကမ်းလှူဒါန်းခြင်းဖြင့် တစ်ပါးသူ၏လက်ကို စိုစွတ်စေခဲ့ပြီးမှ ဆက်လက် ပေးကမ်းခြင်း မပြုပါက ထိုသူ၏ လက်ကို ခြောက်သွေ့စေသည် မည်၏။ ထို့ကြောင့် အလှူရေစက်နှင့် စွတ်စိုသော လက်ကို မခြောက်စေရ သကဲ့သို့ မေတ္တာနှင့် စွတ်စိုသော ရင်းနှီးခင်မင်မှု ကို မပျက်ပြားစေအပ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!