ပုံလုံ တစ်လှည့်၊ ငါးဖျံ တစ်လှည့်

(စကားပုံ)

      ချောင်းငယ်၊ မြောင်းငယ်များတွင် မျောပါနေသော ပုံလုံသီးနှင့် ပုံလုံသီးပေါ်တက်ခိုနေသော ငါးဖျံ တို့သည် သူတစ်ပြန်ငါတစ်ပြန် အထက်အောက် တစ်လှည့်စီ ဖြစ်နေသကဲ့သို့ တစ်သမတ်တည်း အ ထက်စီး ရသည်ဟု မရှိဘဲ သူကသာသည့် အလှည့်ရှိသလို ကိုယ်ကသာသည့် အလှည့်လည်း ရှိသည်။

        သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံ - နှင့် အတူတူ။

  • ပုံလုံ = မြစ်ချောင်းကမ်းပါးပေါက်အပင်ငယ်မှ သီးသော မာလကာသီးငယ်ခန့်ရှိ အသီး။
  • ငါးဖျံ = ဒီချောင်းကမ်းစပ်များတွင် တစ်နေရာမှ တစ်နေရာသို့ ခုန်ကာ ကျက်စားတတ်သော ငါးငယ်တစ်မျိုး။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!