ဆိတ်ဆိတ်နေ ထောင်တန်

(စကားပုံ)

      မပြောသင့်သော အခြေအနေတွင် ဆိတ်ဆိတ်နေခြင်းသည် တောတစ်ထောင်တန်သည် ဆိုသကဲ့ သို့ မပြောသင့်သည့် အချိန်မျိုးတွင် နှုတ်စောင့်စည်းခြင်းသည် အကျိုးများစွာ ရှိသည်။

        တိတ်တိတ်နေ ထောင်တန် - နှင့် အတူတူ။

      တစ်ရံရောအခါ ကေသရာဇာခြင်္သေ့မင်းသည် မြေခွေးမနှင့် ပေါင်းဖော်ရာ ခြင်္သေ့ငယ်တစ်ကောင် ဖွားမြင်၏။ ခြင်္သေ့မင်းက ခြင်္သေ့ငယ်အား သင်အသံ မပြုနှင့်၊ အသံပြု၍ အခြားတိရစ္ဆာန်များ ကြား လျှင် မြေခွေးသံပါ၍ မရိုမသေ ရှိချေတော့မည်၊ သင်ဆိတ်ဆိတ်နေသော် ယူဇနာတစ်ထောင်ရှိသော တောကို ပေးမည်ဆို၏။ သို့သော် ခြင်္သေ့ငယ်က ဆိတ်ဆိတ်မနေ၊ ဟောက်ချေသောကြောင့် အခြား တိရစ္ဆာန်များက မရိုမသေ ရှိ၍ တောတစ်ထောင်ကို မရရှိတော့ချေ။ ခြင်္သေ့မင်းလည်း "ဆိတ်ဆိတ် နေပါလေသော် တောတစ်ထောင် တန်လေ၏" ဟု ဆိုလေသည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!