တစ်တောစောင့်သည် ခြေတိုင်ကုပ်ကား၊ တစ်အိုင်စောင့်သည် ငါးရံ့တင်ပြောက်

(စကားပုံ)

      ကေသရာဇာ ခြင်္သေ့မင်း တာဝန်ပေးသဖြင့် တောကိုစောင့်သော ခြေတိုင်ကုပ်ကားကို လည်း ကောင်း၊ အိုင်ကိုစောင့်သော ငါးရံ့တင်ပြောက်ကို လည်းကောင်း အခြားသတ္တဝါများက လေးစားရ သကဲ့သို့ အကြီးအကဲက သင့်လျော်သဖြင့် တာဝန်ပေးသည်ကို ကျန်လူအများက လေးစားရသည်။

      ရှေးအခါက ကေသရာဇာ ခြင်္သေ့မင်းသည် ခြေတိုင်ကုပ်ကားအား တောတစ်တောကိုစောင့်ရန်၊ ငါးရဲ့တင်ပြောက်အား အိုင်တစ်အိုင်ကိုစောင့်ရန် အသီးသီး တာဝန် ပေးလေသည်။ ထိုအခါ ထိုတော ထိုအိုင်ရှိ အခြားသတ္တဝါများက မကျေမနပ် ဖြစ်ကြသဖြင့် ခြေတိုင်ကုပ်ကားနှင့် ငါးရံ့တင်ပြောက် တို့အား မခန့်မညား ရှိကြသည်။ ကေသရာဇာ ခြင်္သေ့မင်းသည် ထိုအကြောင်းကို သိသောအခါ အခြားသတ္တဝါ များကို စည်းဝေး၍ တာဝန်ရှိသူအားလေးစားရန် ဆုံးမစကား ပြောဆိုလျက် ခြေတိုင် ကုပ်ကားနှင့် ငါးရံ့တင်ပြောက်အား ပေးမြဲတာဝန် ပေးလေသည်။

  • ခြေတိုင်ကုပ်ကား = ခြေခွင်သော သတ္တဝါတစ်မျိုး။
  • ငါးရံ့တင်ပြောက် = ငါးရံ့နှင့်ဆင်တူပြီး အသားနည်းသော ငါး။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!