ဆင်ဖြူတော်ဝင်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေ

(စကားပုံ)

        ဆင်ဖြူတော်ဝင်မှာ ချည်တစ်ဝင်နှင့် ကျိန်းကျေ - နှင့် အတူတူ။

      ရှေးအခါက တစ်ချိန်တည်း မွေးဖွားလာကြသော မင်းသားငယ်တစ်ဦးနှင့် ပုဏ္ဏားငယ်တစ်ဦးတို့ သည် အလွန် ချစ်ခင်ကြသည်။ အရွယ်ရောက်လာသောအခါ မင်းသားသည် မင်းဖြစ်၍ ပုဏ္ဏားငယ် သည် ပုရောဟိတ် ဖြစ်လာသည်။ တစ်နေ့သောအခါ ပုရောဟိတ်သည် မင်း၏ ဇာတာကို စစ်ဆေး ကြည့်ရှုရာ (၇) ရက်အတွင်း ဆင်ဖြူရတနာဝင်ကိန်း ရှိသည်ကို မြင်လေသည်။ မိမိသည်လည်း မင်း နှင့်အတူ တစ်ချိန်တည်း မွေးဖွားလာသူဖြစ်သဖြင့် ဆင်ဖြူတော်ဝင်ကိန်း ရှိသည်ကို တွေ့မြင်လေ သည်။ (၇)ရက်မြောက်သောအခါ မင်းကြီးထံသို့ ဆင်ဖြူတော်တစ်စီး လက်ဆောင်ပဏ္ဏာအဖြစ် ရောက်ရှိလာသည်။ ပုရောဟိတ်ထံသို့မူ မုဆိုးမတစ်ဦးသည် ချည်ခင်အဖြူကို လက်ဆောင်ပို့လေ သည်။ ပုရောဟိတ်ပုဏ္ဏားက မင်းကြီးသည် ဘုန်းကြီးသည် အလျောက် ဆင်ဖြူတော် ဝင်လေသည်။ ငါ့မှာမူ ဆင်ဖြူဝင်ကိန်း ရှိသော်လည်း ဘုန်းကံနည်းသူ ဖြစ်သဖြင့် ချည်တစ်ခင်နှင့်သာ ကျိန်းကျေရ လေသည်ဟု မြည်တမ်းလေသည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!