ဆင်သွားလျှင် လမ်းဖြစ်
(စကားပုံ)
၁။ ဆင်သွားရာ တစ်လျှောက်သည် မြေသားကျစ်လျစ်ခိုင်မာသဖြင့် စိတ်ချရသော လမ်းကောင်း ဖြစ်သကဲ့သို့ ပညာကြီးသူများ လက်ခံအသုံးပြုသော နည်းလမ်းသည် စိတ်ချရသော နည်းလမ်း ကောင်း ဖြစ်သည်။
ဆင်သွားလျှင် လမ်းဖြစ် - ဆိုရိုးလည်းရှု။
၂။ လမ်းမရှိသည့်နေရာ ဖြစ်စေကာမူ ဆင်သွားလျှင် လမ်းဖြစ်သွားသကဲ့သို့ အရှိန်အဝါကြီးသူ တစ်ဦး လုပ်ဆောင်ပြောဆိုလျှင် အစဉ်အလာ ဖြစ်သွားသည်။
ဆင်သွားလျှင် လမ်းဖြစ် - ဆိုရိုးလည်းရှု။
No comments:
Post a Comment