နွားကလေးနို့ နွားမကြီးစို့

(စကားပုံ)

      နွားကလေးနို့ကို နွားမကြီးကစို့သည် ဆိုသကဲ့သို့ ဖြစ်မြဲသဘာဝနှင့် ဆန့်ကျင်ကာ လူငယ်များ၏ သြဇာအကြံဉာဏ်ကို လူကြီးသူမများက ခံယူလိုက်နာ နေရသည်။

      ဂေါတမမြတ်စွာဘုရားလက်ထက်က ကောသလမင်းကြီးသည် တစ်ဆယ့်ခြောက်ချက်သော အိပ်မက်ကို မြင်မက်သည်။ အိပ်ရာမှနိုးသော် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားထံ သွားရောက်ပြီး အိပ်မက်ခြင်း အကြောင်းကို လျှောက်ထားသည်။ ထိုတစ်ဆယ့် ခြောက်ချက်သော အိပ်မက်တို့တွင် သုံးချက်မြောက် အိပ်မက်မှာ မွေးခါစနွားမငယ်၏နို့ကို မိခင် နွားမကြီးကစို့သည်ဟူသော အိပ်မက်ဖြစ်သည်။ ထိုအခါ ဘုရားရှင်က ဤအိပ်မက်၏ အကျိုးအပြစ် မှာ နောင်ဆုတ်ကပ်ကာလတွင် လူကြီးသူမတို့သည် ငယ်ရွယ်သူတို့ကို နာခံလျက် အသာနေကြရ လိမ့်မည်ဟု မိန့်တော်မူသည်။

ခုဒ္ဒကနိကာယ်၊ ၇၇-မဟာသုပိနဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!