ဒူးနေရာဒူး၊ တော်နေရာတော်

(စကားပုံ)

      မြန်မာမင်းများ ညီလာခံသဘင် ကျင်းပရာ၌ တော်နေရာ၊ ဒူးနေရာ စသည့် နေရာငါးသွယ်ရှိရာ တွင် ခစားသူများသည် မိမိ အဆင့်အတန်း အလိုက် သတ်မှတ်ထားသည့် နေရာမှသာ ခစားရသကဲ့သို့ မိမိ အဆင့်အတန်းနှင့် လျော်ကန်အောင် ပြောဆိုဝတ်စား နေထိုင်ရသည်။

  • ဒူးနေရာ = ဘုရင်မင်းမြတ် ညီလာခံတွင် လက်ဝဲလက်ယာ ခစားသော မှူးမတ်တို့အတွက် သတ်မှတ်သည့်  တော်၊ ဒူး၊ စနည်း၊ အတွင်းဘဝေါ၊ အပြင်ဘဝေါ ဟူသော နေရာငါးသွယ် အနက် ဒုတိယနေရာ။
  • တော်နေရာ = အထက်ပါ ပထမနေရာ။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!