ပျားတစ်စက်ကြောင့် ပြည်ပျက်

(စကားပုံ)

      ပျားရည်တစ်စက်ကြောင့် တိုင်းပြည်ပျက်သည် ဆိုသကဲ့သို့ သေးငယ်သောအမှုကို မဖြေရှင်းနိုင် လျှင် ပိုမို ကြီးထွားလာတတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် ကြုံရသည်။

      ရှေးအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြု၏။ ထိုမင်းတွင် ပုရောဟိတ်ပုဏ္ဏား တစ် ယောက် ရှိသည်။ တစ်နေ့သောအခါ ဗြဟ္မဒတ်မင်းနှင့် ပုရောဟိတ်တို့သည် ပျားရည်ဆမ်းသော ပေါက် ပေါက်ကို သုံးဆောင်၏။ ပေါက်ပေါက်မှ ပျားရည် တစ်စက်သည် ခင်းထားသောပိတ်ဖြူပေါ်သို့ ကျ လေသည်။ ထိုပျားရည်တစ်စက်ကို ယင်က စုပ်သည်။ ပျားရည်စုပ်သော ယင်ကို ပင့်ကူကကိုက်သည်။ ပင့်ကူကို အိမ်မြှောင်က ကိုက်သည်။ အိမ်မြှောင်ကို ကြွက်က ကိုက်သည်။ ကြွက်ကို ကြောင်က ကိုက် ပြန်သည်။ ကြောင်ကို တစ်ဖန် ခွေးကကိုက်ပြန်၍ ကြောင်ရှင်မင်းသားနှင့် ခွေးရှင်မင်းသားတို့ ခိုက်ရန် ဖြစ်ကြရာ ပြည်သူ ပြည်သား အများ ပါဝင်လာပြီး ပြည်ပါ ပျက်လေသည်။

ပုံပြင်

        အမှိုက်ကစ ပြာသာဒ်မီးလောင် - နှင့် အတူတူ။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!