တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်

(စကားပုံ)

      တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင် ဆိုသကဲ့သို့ နှစ်ဖက်စလုံး သူ့နည်းနှင့်သူ လွန်ကြသည်ချည်း ဖြစ်သည်။

      ဘိုးတော်မင်းတရား လက်ထက်တွင် သားတော် တောင်ငူမင်းသား၏ ဆရာဦးတေဇကို သာသနာ ပိုင် မောင်းထောင် ဆရာတော်ကခေါ်၍ ဝိနည်းငယ် ၄-စောင် ပါဌ်နိဿယ အကုန်အလွတ် ပြန်ဆိုစေ သည်။ အပြည့်အစုံ နှုတ်လွတ်မပြန်နိုင်သေးသဖြင့် မောင်းထောင် သာသနာပိုင် ဆရာတော်က ဦးတေ ဇအား သဲဒဏ်၊ ရေဒဏ် ပေးလေသည်။ တောင်ငူမင်းသားသည် သူ့ဆရာ ဒဏ်ပေးခံရသည်ကို မကျေ နပ်သဖြင့် သာသနာပိုင် မောင်းထောင် ဆရာတော်ထံ လာ၍ သဲဒဏ်၊ ရေဒဏ် မပေးသင့်ကြောင်း လျှောက်ထားရာ မပြေလည်ဘဲ အချင်း ဖြစ်ပွားကြသည်။ ထိုအကြောင်းကို ဘိုးတော်မင်းတရား ကြားသိသောအခါ "တောင်ငူ ကလည်း တောင်ငူ၊ မောင်းထောင် ကလည်း မောင်းထောင်" ဟု မိန့် တော်မူလေသည်။

ပါးစပ်ရာဇဝင်။ ၁၉၂။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!