ဆရာကာပြန် အာခေါင်လှံစူး

(စကားပုံ)

      ဗျိုင်းကို ဆရာအဖြစ် အသိအမှတ် မပြုသော လှံကစားသမားသည် အာခေါင်လှံစူး၍ သေရသကဲ့ သို့ ဆရာကို ဖက်ပြိုင် အံတုသူသည် နောက်ဆုံးတွင် ပျက်စီးရသည်။

      ရှေးအခါက ယောက်ျားတစ်ယောက်သည် မြစ်အနီးရှိ ကတွတ်ပေါက်၌ ငါးကိုမြှောက်ကစားနေ သော ဗျိုင်းကို မြင်တွေ့ရာ အတုယူပြီး သစ်ချွန်များကို ကောင်းကင်သို့ ပစ်မြှောက်၍ မြေသို့မကျမီ ပါးစပ်ဟ ခံယူနိုင်အောင် လေ့ကျင့်လေသည်။။ ထိုမှ တစ်ဆင့်ပြီး တစ်ဆင့် အုတ်ခဲ၊ လှံတံ၊ သန်လျက် စသည်တို့ကို ပစ်မြှောက်ပြီး မြေသို့မကျမီ ပါးစပ်ဖြင့် ကိုက်နိုင်အောင် လေ့ကျင့်လေသည်။ ထိုသူ သည် မိမိ၏ကျွမ်းကျင်မှုကို တစ်ရွာဝင်တစ်ရွာထွက် ပြသရာ လူအများသဘောကျ၍ ဆုလာဘ်များ စွာ ရလေသည်။ ထိုယောက်ျား၏ သတင်းကို ပြည့်ရှင်မင်းကြားသော် မင်းပွဲသဘင် မင်းရင်ပြင်သို့ ဝင်ရောက် ပြသစေသည်။ ထိုသူ၏ အံ့မခန်းသည့် ပညာစွမ်းကို မင်းကြီးမြင်၍ အသင်၏ ဆရာသည် မည်သူနည်း ဟုမေးရာ ထိုသူက ဗျိုင်းထံမှ ရကြောင်း ဝန်မခံလို၍ သူ့မှာ ဆရာမရှိကြောင်း ဖြေကြား လေသည်။ ထို့နောက်တစ်ဖန် လှံကစား ပြန်သော် လှံသွားသည် အာခေါင်၌ စူးဝင်ကာ သေဆုံးရလေ သည်။

ပုတ္တောဝါဒဆုံးမစာ။ ၄၄။

        ကာပြန် = ကျေးဇူးရှင်ကို ဖက်ပြိုင်အန်တုသည်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!