ဒူးလောက်တင်မှ ရင်လောက်ကျ
(စကားပုံ)
သားကောင်ကို လက်နက်ဖြင့် ချိန်ရွယ်၍ ပစ်ခတ်ရာတွင် ရင်ဒူးနေရာသို့ မှန်း၍ပစ်မှ ရင်ဘတ်ကို မှန်နိုင်သကဲ့သို့ အလုပ်လုပ်ရာတွင် ပို၍ ရည်မှန်းထားမှ သင့်ရုံကျသည်။
ဒူး (ရင်ဒူး) = တိရစ္ဆာန်၏ ရင်ညွန့်တွင် နံရိုးနှစ်ဖက်ဆုံရာ အရိုးနု။ (ရင်နုရိုးဟုလည်း ခေါ်သည်။)
No comments:
Post a Comment