ဖွတ်မရ ဓားမ ဆုံး

(စကားပုံ)

      ဖွတ်လည်းမရ၊ ဓားမလည်း ဆုံးသကဲ့သို့ ရည်မှန်းသည်ကို မရသည့်အပြင် ရင်းနှီး စိုက်ထုတ်ထား သမျှပါ ဆုံးရှုံးရသည်။

      ရှေးအခါက သူဆင်းရဲတစ်ယောက်သည် ဓားမတစ်ချောင်းကို စွဲကိုင်လျက် ဟင်းလျာရှာရန် ထွက် ခဲ့သည်။ မြစ်ဆိပ်အနီး တောင်ပို့တစ်ခုသို့ ရောက်သော် တောင်ပို့ အတွင်းသို့ ဖွတ်ကြီးတစ်ကောင် ပြေး ဝင်သွားသည်ကို မြင်သဖြင့် တောင်ပို့အဝကို တူး၍ စောင့်နေလေသည်။ ဖွတ်ကြီးသည် ထိုအပေါက်မှ မထွက်ဘဲ အခြား တစ်ပေါက်မှ မြစ်ထဲသို့ ပြေးဆင်းသွားသည်ကို သူဆင်းရဲ မြင်လေလျှင် ဓားမဖြင့် လှမ်းပေါက် လိုက်လေရာ ဖွတ်ကိုမထိဘဲ ဓားမသာ မြစ်ထဲသို့ ကျသွားလေသည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!