ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံ

(စကားပုံ)

      သဘာဝအရ မခုန်နိုင်သော ခရုသည် ခုန်တတ်သော ဖားကို အရာမဟုတ်သည်၌ လိုက်၍ တုပ ခုန်မိရာဝယ် မိမိမှီရာအိုင် ပျက်စီးခြင်းသာ အဖတ်တင်သကဲ့သို့ မိမိ၏ အရာမဟုတ်သည်၌ တုပ ယှဉ်ပြိုင်မိသဖြင့် မိမိနှင့်တကွ မိမိပတ်ဝန်းကျင် ပျက်စီးခြင်းသာ အဖတ်တင်သည်။

        ငါးတု ခရုပွက် အိုင်ပျက် - နှင့် အတူတူ။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!