ဆယ့်နှစ်မှုပေါ်မှာ ရေကြည်တော်ထပ်

(စကားပုံ)

      ဆယ့်နှစ်မှုမင်းတိုင်း တာဝန်ပေါ်တွင် ထပ်ဆင့်၍ ရေကြည်တော်တာဝန် တိုးပြန်သကဲ့သို့ မူလက တာဝန်များပြားရသည့် အပေါ်တွင် နောက်ထပ်တာဝန် တိုးလာပြန်သည်။

        ဆယ့်နှစ်မှု = တမာစေး၊ လျှော်၊ ကော်၊ အုံတုံ၊ လဲ၊ တင်လဲ၊ ဥသျှစ်၊ မရိုး၊ မီးသွေး၊ ထန်းဖူးစည်း၊ မန်ကျည်းမှည့်၊ ရေနံ၊ ပွဲလျက်တို့ကို နန်းတော်သို့ ဆက်သွင်းရသည့် ဆယ့်နှစ်ရပ်သော အမှုတော်။ (ဆယ့်နှစ်မှု မင်းတိုင်းဟု ခေါ်သည်။)

        ဘူးလေးရာ ဖရုံဆင့် - နှင့် အတူတူ။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!